About us

ကုမ္ပဏီအကျဉ်း
ကုမ္ပဏီအမည်:
Kobebussan Myanmar Co.,Ltd.
တည်နေရာ:
အခန်းနံပါတ်(14-01/02)၊ ၁၄လွှာ ၊အမှတ်(၂၂၁) Sule Square၊ ဆူးလေဘုရားလမ်း ၊ကျောက်တံတားမြို့နယ် ၊ရန်ကုန်တိုင်းဒေသကြီး ၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်။
President & CEO:
Mr. Yasuhiro Tanaka
Diector:
Mr. Toshiaki Kasai
လုပ်ငန်းအကျဉ်း :
Business applications / WEB Application
ရုံးချိန်:
တနင်္လာနေ့ မှ သောကြာနေ့  နံနက် ၈နာရီမှ ညနေ ၅နာရီထိ (စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များ ရုံးပိတ်ပါသည်။)
ဥက္ကဋ္ဌ၏ နှုတ်ခွန်းဆက်စကား

KOBEBUSSAN Myanmar သည် ၂၀၁၃ခုနှစ်တွင် အရှေ့ တောင်အာရှနိုင်ငံများမှ တစ်ခုဖြစ်သော မြန်မာနိုင်ငံတွင် စတင်တည်ထောင်ခဲ့ပါသည်။ ရုံးချုပ်ဖြစ်သော KOBEBUSSAN Companyသည် ဂျပန်နိုင်ငံတွင် Super Market လုပ်ငန်းကို လုပ်ကိုင်လျှက်ရှိပြီး၊ ဆိုင်ခွဲပေါင်း ၆၈၀ကျော်နှင့် စားသောက်ဆိုင်ပေါင်း ၈၀၀ကျော် ဖွင့်လှစ် ထားပါ သည်။ စားသောက်ကုန်အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို မလစ်ဟင်းစေရန်အတွက် နိုင်ငံပေါင်း၄၀မှ နှစ်စဉ်ပေ၂၀ခန့် ရှိသောကွန်တင်နာပေါင်း ၁၀၀၀၀ကျော်ဖြင့် တင်သွင်းပြီး၊ ဂျပန်နိုင်ငံတွင် အစားအသောက် စက်ရုံပေါင်း၂၅ခု၊ အခြားနိုင်ငံများတွင် စက်ရုံပေါင်း၃၅၀ခန့်  ရှိပါသည်။ KOBEBUSSAN Companyဖြင့် ချိတ်ဆက်ထားသော ကုမ္ပဏီများမှာ ဂျပန်နိုင်ငံတွင် ၃၃ခု၊ အခြားနိုင်ငံများတွင် ၁၀ခုရှိပါသည်။ ဂျပန်နိုင်ငံရှိ KOBEBUSSAN Company တွင်အသုံးပြုနေသော နည်းပညာများနှင့် အတွေးအခေါ်များစွာများထဲမှ ကောင်းမွန်သော နည်းပညာများကို မြန်မာနိုင်ငံနှင့် ပူးပေါင်း၍ ပိုမိုတိုးတက်လာစေရန် လုပ်ကိုင်ဆောင်ရွက် လျှက်ရှိပါသည်။ တိုးတက်လာသော IT နည်းပညာများကိုလက်တွေ့ အသုံးချနိုင်သော Professional တစ်ယောက်အနေဖြင့် ဂျပန်ဘာသာစကားကိုအသုံးပြုပြီး အနာဂတ်တွင် ဂျပန်၊ မြန်မာနှစ်နိုင်ငံ ပိုမို ဖွံ့ ဖြိုး တိုးတက်လာစေရန် ရည်ရွယ်ပါသည်။


၂၀၁၄ခုနှစ် ၊ ဖေဖော်ဝါရီ။ President & CEO : Mr. Yasuhiro Tanaka

ဒါရိုက်တာ၏ နှုတ်ခွန်းဆက်စကား

ပြောင်းလဲနေသော ခေတ်နှင့်အညီ KOBEBUSSAN Group တွင်လည်း System အမျိုးမျိုးကို ပြောင်းလဲပြီး အသုံးပြုလျှက် ရှိပါသည်။System ပြောင်းလဲလာမှုနှင့်အညီ အဖွဲ့ အစည်းတစ်ခုလုံးကို အချိန်တိုအတွင်းတွင် အောင်မြင်လာစေရန်အတွက် Client နှင့် Developer အကြား အတွေးအခေါ်ကွာဟချက်ကို ညှိနှိုင်းဖို့  လိုအပ်ပါသည်။ KOBEBUSSAN Myanmar သည် KOBEBUSSAN Group တွင်အသုံးပြုသည့် Application ကို အရည်အသွေးမြင့်မြင့်ဖြင့် အချိန်တိုအတွင်း အကောင်အထည်ဖော်နိုင်ဖို့  ရည်ရွယ်ပြီး ဖွဲ့ စည်းထားပါသည်။ ထိုအကြောင်းကြောင့် လိုအပ်သော IT Knowledge များ ဂျပန်နိုင်ငံတွင် တိုးတက်နေသော နည်းပညာများကို Traning, OJT စနစ်တကျ သင်ကြားပေးနေပြီး အရည်အချင်းရှိသော မြန်မာလူငယ်များကို Skill Level တိုးတက်လာအောင် ရည်ရွယ်ပါသည်။ ထို့ အပြင် ဂျပန်နိုင်ငံ၏ တာဝန်ရှိသူများနှင့် ချောချောမွေ့ မွေ့  ဆက်သွယ် ပြောဆိုနိုင်စေရန်အလို့ ငှာ ဂျပန်ဘာသာစကား သင်ကြားပေးမှုနှင့် IT အသိပညာတိုးတက်လာစေရန် ဂျပန်ဘာသာစကားကို နေ့ စဉ်သင်ကြားပေးလျှက်ရှိပါသည်။ မြန်မာလူငယ်များ အရည်အသွေး တိုးတက် လာမှုသည် KOBEBUSSAN Myanmar အတွက်သာမကပဲ ဂျပန်၊ မြန်မာ နှစ်နိုင်ငံ ပိုမိုဖွံ့ ဖြိုး တိုးတက်လာစေရန် ရည်ရွယ်ပါသည်။


၂၀၁၄ခုနှစ် ၊ ဖေဖော်ဝါရီ။ Director : Mr. Toshiaki Kasai